-
Romans 16
- 1 စင်ဂရေမြို့ ရှိအသင်းတော်၏ သိက္ခာရအမှုတော်ဆောင်ဖြစ်သော ငါတို့၏ညီမ ဖိုဘီကို သင်တို့ထံသို့ ငါအပ်လိုက်ပါ၏။-
- 2 သင်တို့သည် ဘုရားသခင်၏ နာမတော်ကိုထောက်၍ သူမအား သန့်ရှင်းသောသူတို့ကို လက်ခံသကဲ့သို့ လက်ခံကြ၍ သင်တို့ထံမှ သူမလိုအပ်မည့် အကူအညီမှန်သမျှကို ပေးကြပါလော့။ အကြောင်းမူကား သူမသည် များစွာသော သူတို့ကိုလည်းကောင်း၊ ငါ့ကိုလည်းကောင်း ကူညီခဲ့သောသူဖြစ်၏။
- 3 ယေဇူးခရစ်တော်၏ အမှုတော်ကိုထမ်းဆောင်ရာတွင် ငါ၏လုပ်ဖော်ကိုင်ဖက်များဖြစ်ကြသော ပရစ္စကာနှင့်အာကွိလတို့ကို နှုတ်ဆက်ပေးကြပါလော့။-
- 4 သူတို့သည် ငါ့အတွက် အသက်ကိုအမှုမထားဘဲ စွန့်စားခဲ့သူများဖြစ်ကြ၍ ငါတစ်ယောက်တည်းသာမက လူမျိုးခြားတို့၏ အသင်းတော်များကလည်း သူတို့ကို ကျေးဇူးတင်ကြပါ၏။-
- 5 သူတို့၏နေအိမ်၌ စုဝေးဝတ်ပြုသည့်အသင်းတော်ကိုလည်း ငါနှုတ်ဆက်လိုက်ကြောင်း ပြောပြကြလော့။ အာရှပြည်တွင် ခရစ်တော်ကို ပထမဦးစွာယုံကြည်ဆက်ကပ်သော ချစ်မိတ်ဆွေ ဧပေနေတုကို နှုတ်ဆက်ပေးကြပါလော့။-
- 6 သင်တို့အတွက် ကြိုးစားဆောင်ရွက်ပေးသော မာရိယာကိုလည်း နှုတ်ဆက်ပေးကြပါလော့။-
- 7 ငါနှင့်အတူ အကျဉ်းချခံရ၍ ငါ၏အမျိုးသားချင်းများဖြစ်သော အန္ဒြောနိကုနှင့် ဂျူနိယတို့ကိုလည်း နှုတ်ဆက်ပေးကြပါလော့။ သူတို့သည် တမန်တော်တို့အကြားတွင် ထင်ပေါ်ကျော်ကြား၍ ငါ့ထက်အလျင်ဦးစွာ ခရစ်တော်ကို အစေခံခဲ့သောသူများ ဖြစ်ကြ၏။-
- 8 သခင်ဘုရား၌ ငါချစ်မြတ်နိုးရသော အမ္ပလိယတုကို နှုတ်ဆက်ပေးကြပါလော့။-
- 9 ငါတို့နှင့်အတူ ခရစ်တော်၏အမှုတော်ကို ဆောင်ရွက်ဖော်ဖြစ်သော ဦဘားနုနှင့် ငါ၏ချစ်မိတ်ဆွေ စတာခစ်တို့ကို နှုတ်ဆက်ပေးကြပါလော့။-
- 10 ခရစ်တော်၏တပည့် အစစ်အမှန်ဖြစ်သော အာပဲလက်ကိုလည်း နှုတ်ဆက်ပေးကြပါလော့။ အာရစ္စတိုဘုလု၏ မိသားစုဝင်များကိုလည်း နှုတ်ဆက်ပေးကြပါလော့။-
- 11 ငါ၏ဆွေမျိုးဖြစ်သော ဟေရိုဒီရွန်ကိုနှုတ်ဆက်ပေးကြပါလော့။ သခင်ဘုရား၏အမှုတော်ကို ထမ်းဆောင်သော နာစီစုမိသားစုဝင်များကိုလည်း နှုတ်ဆက်ပေးကြပါလော့။-
- 12 သခင်ဘုရား၏အမှုတော်ကို ကြိုးစားဆောင်ရွက်သော အမျိုးသမီးများဖြစ်ကြသည့် တြိဖေနာနှင့် တြိဖိုဆာတို့ကို နှုတ်ဆက်ပေးကြပါလော့။ သခင်ဘုရား၏အမှုတော်ကို ကြိုးစားဆောင်ရွက်သော အမျိုးသမီးဖြစ်၍ ငါချစ်မြတ်နိုးရသော ပါစစ်ကိုလည်း နှုတ်ဆက်ပေးကြပါလော့။-
- 13 ဘုရားသခင်၏အစေခံအဖြစ် ရွေးကောက်ခံရသည့် ရုဖုနှင့် ငါ၏မိခင်သဖွယ်ဖြစ်သောသူ၏ မိခင်ကိုလည်း နှုတ်ဆက်ပေးကြပါလော့။-
- 14 အာစင်ခရစ်တု၊ ဖလေဂွန်၊ ဟေမက်၊ ပက်ထရိုးဘတ်၊ ဟေမတ်မှစ၍ သူတို့နှင့်အတူရှိသော ညီအစ်ကိုတို့ကို နှုတ်ဆက်ပေးကြပါလော့။-
- 15 ဖီလိုလိုဂု၊ ဂျူးလိယာ၊ နေရီဦးနှင့် သူ၏ညီမ အိုလမ်ပမှစ၍ သူတို့နှင့်အတူနေကြသော သန့်ရှင်းသူအပေါင်းတို့ကိုလည်း နှုတ်ဆက်ပေးကြပါလော့။-
- 16 သင်တို့အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သန့်ရှင်းသောအနမ်းဖြင့် နှုတ်ဆက်ကြပါလော့။ ခရစ်တော်၏ အသင်းတော်အပေါင်းတို့က သင်တို့အားလုံးကို နှုတ်ဆက်လိုက်ကြပါ၏။
- 17 ညီအစ်ကိုတို့၊ စိတ်ဝမ်းကွဲခြင်းကိုလည်းကောင်း၊ သင်တို့ကြားနာသင်ယူခဲ့သော သွန်သင်ချက်နှင့်ဆန့်ကျင်သော အခက်အခဲများကိုလည်းကောင်း ဖြစ်ပေါ်စေရန် လှုံ့ဆော်ပေးတတ်သောသူတို့ကို သတိပြု၍ ရှောင်ရှားရန် ငါတိုက်တွန်းပါ၏။-
- 18 အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သောသူတို့သည် ငါတို့သခင် ခရစ်တော်၏အမှုတော်ကို မထမ်းဆောင်ကြဘဲ သူတို့၏အကျိုးကိုသာ ကြည့်ကြ၏။ သူတို့သည် သိမ်မွေ့၍ နားဝင်ချိုသောစကားများဖြင့် ရိုးသားသူတို့၏ စိတ်နှလုံးကို လှည့်ဖြားတတ်ကြ၏။-
- 19 သင်တို့သည် အလွန်နာခံခြင်းရှိကြောင်းကို လူတိုင်းသိရှိကြသဖြင့် ငါသည် သင်တို့အတွက် ဝမ်းမြောက်ဂုဏ်ယူပါ၏။ သို့သော်လည်း သင်တို့သည် ကောင်းသောအမှု၌ ပညာသတိရှိကြ၍ မကောင်းသောအမှု၌ ရိုးသားဖြောင့်မတ်ကြရန် ငါအလိုရှိ၏။-
- 20 ထိုအခါ ငြိမ်းချမ်းသာယာခြင်း၏ အရှင်ဘုရားသခင်သည် စာတန်နတ်ဆိုးကို သင်တို့၏ ခြေဖဝါးအောက်တွင် မကြာမီ နင်းခြေတော်မူလိမ့်မည်။ ငါတို့၏သခင် ယေဇူးခရစ်တော်၏ ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါစေသော်။
- 21 ငါနှင့်အတူ အမှုတော်ဆောင်ဖက်ဖြစ်သော တီမောသီဦး၊ လူစီဦးမှစ၍ ငါ၏ဆွေမျိုးများဖြစ်ကြသော ဂျာဆန်နှင့် ဆိုစီပါတေတို့က သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။
- 22 ဤစာကို ရေးပေးရသော ငါတာစီဦးသည်လည်း သခင်ဘုရား၌ သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။
- 23 ငါနှင့် အသင်းတော်တစ်ခုလုံးကို ဧည့်ဝတ်ပြုသူ အိမ်ရှင်ဂါးယုကလည်း သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ မြို့တော်၏ ဘဏ္ဍာထိန်းဖြစ်သော ဧရာစတုနှင့် ငါတို့၏ညီအစ်ကို ကွာတုတို့ကလည်း သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။-
- 24 ငါတို့၏သခင် ယေဇူးခရစ်တော်၏ ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါစေသော်။ အာမင်။
- 25 ဘုရားသခင်အား ချီးမွမ်းထောမနာပြုကြစို့။ ကိုယ်တော်သည် ငါဟောပြောသော ယေဇူးခရစ်တော်၏အကြောင်းနှင့် ဧဝံဂေလိသတင်းကောင်းအရသော်လည်းကောင်း၊ ရှေးကာလကြာမြင့်စွာကပင် လျှို့ဝှက်ထားခဲ့သောနက်နဲရာ၏ ဖွင့်ဟထင်ရှားချက်အရသော်လည်းကောင်း သင်တို့ကို ယုံကြည်ခြင်း၌ တည်ကြည်ခိုင်မြဲစေနိုင်တော်မူ၏။-
- 26 သို့သော်လည်း ယခုအခါတွင် ထိုနက်နဲရာအချက်သည် ပရောဖက်တို့၏ ရေးသားချက်များမှတစ်ဆင့် ထင်ရှားပေါ်လွင် လာပြီး လူအပေါင်းတို့သည် ၎င်းကို ယုံကြည်နာခံစေခြင်းငှာ ထာ၀ရဘုရားသခင်၏ အမိန့်တော်အားဖြင့် ၎င်းကို လူမျိုးတကာ တို့အား ဟောပြောလေပြီ။-
- 27 တစ်ပါးတည်းသော ဉာဏ်ပညာရှင် ဘုရားသခင်သည် ယေဇူးခရစ်တော်အားဖြင့် ကာလအဆက်ဆက် ဘုန်းတော်ဂုဏ်တော်ရှိစေသတည်း။ အာမင်။
-
King James Version (kjv)
- Afrikaans
- Albanian
- Arabic
- Armenian
- Basque
- Breton
- Calo
- Chamorro
- Cherokee
- Chinese
- Coptic
- Croatian
- Czech
- Danish
- Dari
- Dutch
-
English
American King James Version (akjv) American Standard Version (asv) Basic English Bible (basicenglish) Douay Rheims (douayrheims) John Wycliffe Bible (c.1395) (wycliffe) King James Version (kjv) King James Version (1769) with Strongs Numbers and Morphology and CatchWords, including Apocrypha (without glosses) (kjva) Webster's Bible (wb) Weymouth NT (weymouth) William Tyndale Bible (1525/1530) (tyndale) World English Bible (web) Young's Literal Translation (ylt)
- English and Klingon.
- Esperanto
- Estonian
- Finnish
- French
- German
- Gothic
- Greek
- Greek Modern
- Hebrew
- Hungarian
- Italian
- Japanese
- Korean
- Latin
- Latvian
- Lithuanian
- Malagasy
- Malayalam
- Manx Gaelic
- Maori
- Mongolian
- Myanmar Burmse
- Ndebele
- Norwegian bokmal
- Norwegian nynorsk
- Pohnpeian
- Polish
- Portuguese
- Potawatomi
- Romanian
- Russian
- Scottish Gaelic
- Serbian
- Shona
- Slavonic Elizabeth
- Spanish
- Swahili
- Swedish
- Syriac
- Tagalog
- Tausug
- Thai
- Tok Pisin
- Turkish
- Ukrainian
- Uma
- Vietnamese
Favourite Verse
You should select one of your favourite verses.
This verse in combination with your session key will be used to authenticate you in the future.
This is currently the active session key.
Should you have another session key from a previous session.
You can add it here to load your previous session.