-
James 2
- 1 ငါ၏ညီအစ်ကိုတို့၊ သင်တို့သည်ဘုန်းဂုဏ်တော်ရှင်ဖြစ်သော ငါတို့၏သခင် ယေဇူးခရစ်တော်၌ ယုံကြည်ရာတွင် အဆင့်အတန်း ခွဲခြားခြင်းမပြုဘဲ ယုံကြည်ကြလော့။-
- 2 အကယ်၍ သင်တို့စည်းဝေးသောနေရာသို့ ရွှေလက်စွပ်နှင့် တောက်ပြောင်သောအဝတ်အစား များကို ဝတ်ဆင်ထားသော လူတစ်ဦးဝင်လာပြီး ဟောင်းနွမ်းစုတ်ပြဲနေသောအဝတ်များကို ဝတ်ဆင်ထားသည့် ဆင်းရဲနွမ်းပါးသူတစ်ဦးလည်း ဝင်လာသော အခါ၊-
- 3 သင်တို့သည် အဝတ်အစားကောင်းများဝတ်ဆင်ထားသူကို ကြည့်လျက် ကျေးဇူးပြု၍ ဤနေရာတွင် ထိုင်ပါဟုဆိုပြီးမှ ဆင်းရဲသောသူအား ထိုနေရာ၌ ရပ်နေပါ၊ သို့မဟုတ် ငါ့ခြေရင်း၌ ထိုင်ပါဟု ပြောဆိုသည်ဆိုပါစို့။-
- 4 ထိုသို့ပြုလျှင် သင်တို့သည် အချင်းချင်းအဆင့်အတန်းခွဲခြား၍ ဆိုးညစ် သောအတွေးအခေါ်များနှင့် စီရင်ဆုံးဖြတ်သောသူများ ဖြစ်ကြပြီမဟုတ်လော။-
- 5 ငါချစ်ရသောညီအစ်ကိုတို့၊ နားထောင်ကြလော့။ဘုရားသခင်သည် ဆင်းရဲသားတို့ကို ယုံကြည်ခြင်း၌ ကြွယ်၀ချမ်းသာ စေရန်နှင့် မိမိကိုချစ် သောသူများအား ကတိထားသော နိုင်ငံတော်ကို အမွေခံစေရန် ရွေးချယ်တော်မူသည်မဟုတ်လော။-
- 6 သို့သော် သင်တို့သည် ဆင်းရဲသားတို့ကို ဂုဏ်သရေညှိုးနွမ်းစေကြ၏။ သင်တို့ကို ဖိနှိပ်အနိုင်ကျင့်ပြီး တရားရုံးသို့ ဆွဲခေါ် သွားသောသူတို့မှာ ချမ်းသာသောသူတို့ပင်ဖြစ်ကြသည် မဟုတ်လော။-
- 7 သင်တို့အဖို့ တိုင်တည်ဆုတောင်းပေးရာ နာမတော်ကို ထိခိုက်စော်ကားကြသောသူတို့မှာလည်း ချမ်းသာသော သူတို့ပင် မဟုတ်ပါလော။
- 8 သင့်ကိုယ်သင်ချစ်သကဲ့သို့ သင်နှင့်နီးစပ်သော သူကို ချစ်လော့ဟူ၍ ကျမ်းစာတော်မြတ်တွင်ရေးသား ထားသည့်အတိုင်း သင်သည် အမှန်ပင် ထိုပညတ်တော်ကို လိုက်နာစောင့်ထိန်းပါလျှင် သင်သည် ကောင်းသော အကျင့်ကိုကျင့်၏။-
- 9 သို့သော် သင်သည် မျက်နှာလိုက်လျှင် အပြစ်ကျူးလွန်ရာရောက်သဖြင့် ပညတ်တရားအရ ဥပဒေချိုးဖောက်သူအဖြစ် ပြစ်ဒဏ်စီရင်ခြင်းခံရပေလိမ့်မည်။-
- 10 အကြောင်းမူကား မည်သူမဆို ပညတ်တရားအား လုံးကို လိုက်နာစောင့်ထိန်းသော်လည်း ပညတ်ချက် တစ်ခုကို ချိုးဖောက် မိလျှင်ပညတ်တရားအလုံးစုံကို ချိုးဖောက်ရာရောက်၏။-
- 11 အဘယ်ကြောင့်ဆိုသော် သူတစ်ပါး၏မယားကိုမပြစ်မှားနှင့်ဟု ပညတ်တော်မူသောအရှင်သည် လူ၏အသက်ကို မသတ်နှင့်ဟူ၍လည်း ပညတ် တော်မူ၏။ သင်သည် သူ့မယားကို မပြစ်မှားသော်လည်း လူ့အသက်ကိုသတ်လျှင် ပညတ်တော်ကို ချိုးဖောက်သူ ဖြစ်လေပြီ။-
- 12 သို့ဖြစ်၍ သင်တို့သည် လွတ်လပ်ခြင်းနှင့် ဆိုင်သောတရားတော်အတိုင်း စီရင်ခြင်းခံရမည့်သူတို့ ကဲ့သို့ ပြောဆိုကျင့်ကြံကြ လော့။-
- 13 အဘယ်ကြောင့်ဆိုသော် သနားကြင်နာမှုမရှိသောသူအပေါ်၌ သနားကြင် နာခြင်းကင်းမဲ့စွာ တရားစီရင်မည်ဖြစ်သော ကြောင့်တည်း။ သို့သော် သနားကြင်နာခြင်းသည် တရားစီရင် ချက်အပေါ် အနိုင်ယူတတ်၏။
- 14 ငါ၏ညီအစ်ကိုတို့၊ လူတစ်ဦးက သူ၌ ယုံကြည်ခြင်းရှိသည်ဟုဆိုသော်လည်း သူသည် ကျင့်ကြံမှုမရှိလျှင် မည်သည့်အကျိုးကို ရရှိမည်နည်း။ သူ၏ယုံကြည်ခြင်းသည် သူ့ကို ကယ်တင်နိုင်ပါသလော။-
- 15 ညီအစ်ကို၊ သို့မဟုတ် နှမသည် အဝတ်အစားလိုအပ်၍ အစားအစာ လည်း ချို့တဲ့နေပါလျှင်၊-
- 16 သင်တို့တွင် တစ်ဦးက ငြိမ်းချမ်း သာယာခြင်းဖြင့်သွားလော့။ နွေးထွေးစွာနေ၍ ၀လင်စွာ စားပါလော့ဟုပြောလျက် သူတို့အား ခန္ဓာကိုယ်အတွက် လိုအပ်သောအရာများကို မပေးပါက အဘယ်အကျိုးရှိ မည်နည်း။-
- 17 ထို့ကြောင့် ကျင့်ကြံမှုမရှိသောယုံကြည်ခြင်း သည် အသေဖြစ်၏။
- 18 သို့သော် အချို့က သင်၌ယုံကြည်ခြင်းရှိ၍ ငါ၌ ကျင့်ကြံမှုများရှိ၏ဟု ဆိုကြလိမ့်မည်။ သင်သည် ကျင့်ကြံမှုမရှိသော သင်၏ယုံကြည်ခြင်းကို ငါ့အားပြပါလော့။ ငါသည်လည်း ငါ၏ကျင့်ကြံမှုများဖြင့် ငါ၏ယုံကြည်ခြင်းကို သင့်အားပြမည်။-
- 19 ဘုရားတစ်ဆူတည်းရှိသည်ကို သင်ယုံကြည်၏။ သင့်မြတ်လှပေ၏။ သို့သော် နတ်ဆိုးများပင် လျှင် ထိုသို့ယုံကြည်ကြ၍ ကြောက်ရွံ့တုန်လှုပ်ကြ၏။-
- 20 အသင်လူမိုက်၊ ကျင့်ကြံမှုမရှိသောယုံကြည်ခြင်းသည် အချည်နှီးသက်သက်ဖြစ်ကြောင်း သင့်အား ပြသစေလိုသလော။-
- 21 ငါတို့၏အဖ အာဘရာဟံသည် မိမိ၏သားအီဇတ်ကို ယဇ်ပလ္လင်ပေါ်တွင် ဆက်ကပ်ပူဇော်သောအခါ ကျင့်ကြံမှုအားဖြင့် ဖြောင့်မတ်ရာသို့ရောက်သည်မဟုတ်လော။-
- 22 ယုံကြည်ခြင်းသည် သူ၏ကျင့်ကြံမှုများနှင့်အတူ သက်ဝင်လှုပ်ရှားလျက် ထိုကျင့်ကြံမှုအားဖြင့် စုံလင်ခြင်း သို့ရောက်သည်ကို သင်မြင်ရ၏။-
- 23 ကျမ်းစာတော်မြတ်သည်လည်း ထိုနည်းဖြင့် ပြည့်စုံခြင်းသို့ရောက်လေ၏။ ယင်း၌ ဆိုထားသည်ကား အာဘရာဟံသည် ဘုရားသခင်၌ ယုံကြည်၍ သူ၏ယုံကြည်ခြင်းကြောင့် သူ့အားဖြောင့်မတ်သူအဖြစ် သတ်မှတ်တော်မူ၏ဟူ၍ဖြစ်၏။ သူ သည်လည်း ဘုရားသခင်၏မိတ်ဆွေဟုခေါ်ဆိုခြင်းခံရလေ၏။-
- 24 သို့ဖြစ်၍ လူတစ်ဦးသည် ယုံကြည်ခြင်းတစ်ခု တည်းဖြင့်သာ ဖြောင့်မတ်ခြင်းသို့မရောက်နိုင်ဘဲ အကျင့်အကြံအားဖြင့် ဖြောင့်မတ်ခြင်းသို့ရောက်သည်ကို သင်တို့သိကြ၏။-
- 25 ထိုနည်းတူပင် ပြည့်တန်ဆာမရာဟပ်သည် အစ္စရာအဲလ်လူမျိုးအထောက်တော်များကိုလက်ခံပြီးနောက် အခြားသော လမ်းမှပြန်လွှတ်လိုက်သောကြောင့် ထိုအပြုအမူအားဖြင့် ဖြောင့်မတ်ခြင်းသို့ရောက်သည် မဟုတ်လော။-
- 26 အကြောင်းမူကား ဝိညာဉ်နှင့်ကင်းသော ခန္ဓာကိုယ်သည် အသေဖြစ်သကဲ့သို့ ကျင့်ကြံမှုမရှိသော ယုံကြည်ခြင်းသည်လည်း အသေဖြစ်၏။
-
King James Version (kjv)
- Afrikaans
- Albanian
- Arabic
- Armenian
- Basque
- Breton
- Calo
- Chamorro
- Cherokee
- Chinese
- Coptic
- Croatian
- Czech
- Danish
- Dari
- Dutch
-
English
American King James Version (akjv) American Standard Version (asv) Basic English Bible (basicenglish) Douay Rheims (douayrheims) John Wycliffe Bible (c.1395) (wycliffe) King James Version (kjv) King James Version (1769) with Strongs Numbers and Morphology and CatchWords, including Apocrypha (without glosses) (kjva) Webster's Bible (wb) Weymouth NT (weymouth) William Tyndale Bible (1525/1530) (tyndale) World English Bible (web) Young's Literal Translation (ylt)
- English and Klingon.
- Esperanto
- Estonian
- Finnish
- French
- German
- Gothic
- Greek
- Greek Modern
- Hebrew
- Hungarian
- Italian
- Japanese
- Korean
- Latin
- Latvian
- Lithuanian
- Malagasy
- Malayalam
- Manx Gaelic
- Maori
- Mongolian
- Myanmar Burmse
- Ndebele
- Norwegian bokmal
- Norwegian nynorsk
- Pohnpeian
- Polish
- Portuguese
- Potawatomi
- Romanian
- Russian
- Scottish Gaelic
- Serbian
- Shona
- Slavonic Elizabeth
- Spanish
- Swahili
- Swedish
- Syriac
- Tagalog
- Tausug
- Thai
- Tok Pisin
- Turkish
- Ukrainian
- Uma
- Vietnamese
Favourite Verse
You should select one of your favourite verses.
This verse in combination with your session key will be used to authenticate you in the future.
This is currently the active session key.
Should you have another session key from a previous session.
You can add it here to load your previous session.