-
2 Peter 1
- 1 ယေဇူးခရစ်တော်၏အစေခံနှင့် တမန်တော်ဖြစ်သော စီမွန်ပေတရုထံမှ ငါတို့၏ ဘုရားသခင်နှင့် ကယ်တင်ရှင်ဖြစ်တော် မူသော ယေဇူးခရစ်တော်၏ဖြောင့် မတ်ခြင်းတရားအားဖြင့် ငါတို့ရရှိသည့်ယုံကြည်ခြင်းကိုပင် ခံယူရရှိထားသောသူတို့ထံသို့ စာရေး လိုက်ပါ၏။
- 2 ဘုရားသခင်နှင့် ငါတို့၏သခင် ယေဇူးကိုသိရှိခြင်း ဖြင့် ကျေးဇူးတော်နှင့် ငြိမ်းချမ်းသာယာခြင်းမင်္ဂလာသည် သင်တို့ထံ၌ တိုးပွားပါစေသော်။
- 3 မိမိ၏ဘုန်းဂုဏ်တော်နှင့် ကောင်းမြတ်တော်မူခြင်း တို့ကို ဝေမျှခံစားရန် ငါတို့ကိုခေါ်တော်မူသောကိုယ်တော့် ကို သိရှိလာ ခြင်းကြောင့် ဘုရားသခင်သည် ဘုန်းတန်ခိုး တော်အားဖြင့် အသက်ရှင်ခြင်းနှင့် ဘုရားတရားကြည် ညိုခြင်းတို့နှင့် ဆိုင်သော အရာအားလုံးတို့ကို ငါတို့အား ပေးသနားတော်မူ၏။-
- 4 ထိုဘုန်းဂုဏ်တော်နှင့် ကောင်း မြတ်ခြင်းအားဖြင့် ကိုယ်တော်သည် အဖိုးထိုက်ပြီး ကြီး မြတ်လှသည့် မိမိ၏ကတိတော်များကို ငါတို့အား ပေးသနားတော်မူလေပြီ။ ဤကတိတော်များအားဖြင့် သင်တို့သည် လောကီတပ်မက်မှုကြောင့် ဤကမ္ဘာလောက တွင်ရှိနေသောအကျင့်ပျက်စီးခြင်းမှ လွတ်မြောက်ကြလျက် ဘုရားအဖြစ်တော်၌ ပါဝင်ခံစားရသူများဖြစ်လာ ကြလိမ့်မည်။-
- 5 ဤအကြောင်းကြောင့် သင်တို့သည် မိမိတို့၏ယုံကြည်ခြင်းကို အကျင့်သီလဖြင့်လည်းကောင်း၊ အကျင့်သီလကို အသိတရား ဖြင့်လည်းကောင်း၊-
- 6 အသိ တရားကို မိမိကိုယ်ကိုချုပ်တည်းခြင်းဖြင့်လည်းကောင်း၊ မိမိကိုယ်ကိုချုပ်တည်းခြင်းကို တည်ကြည်ခိုင်မာခြင်းဖြင့် လည်းကောင်း၊ တည်ကြည်ခိုင်မာခြင်းကို ဘုရားတရား ကြည်ညိုခြင်းဖြင့်လည်းကောင်း၊-
- 7 ဘုရားတရားကြည် ညိုခြင်းကို ညီအစ်ကိုတို့အား သနားကြင်နာခြင်းဖြင့် လည်းကောင်း၊ ညီအစ်ကိုတို့အား သနားကြင်နာ ခြင်းကို ချစ်ခြင်းမေတ္တာဖြင့်လည်းကောင်း ဖြည့်စွက်အကျိုးပြုနိုင်ကြရန် အစွမ်းကုန်ကြိုးစားကြလော့။-
- 8 ဤပါရမီများကို ကြွယ်၀စွာ သင်တို့ပိုင်ဆိုင်ကြပါလျှင် ဤအရာတို့သည် သင်တို့အား ငါတို့၏ယေဇူးသခင်ခရစ်တော် ကိုသိရှိရာ၌ အသက်ဝင်ပြီး အကျိုးဖြစ်ထွန်းစေလိမ့်မည်။-
- 9 ဤပါရမီ များနှင့်ကင်းသောသူသည် မျက်စိကန်း၍ အမြော်အမြင် နည်းပါးပြီး မိမိသည် ယခင်က ပြုခဲ့သောအပြစ်များမှ ဆေး ကြောသန့်စင်ခြင်းခံခဲ့ရပြီးဖြစ်သည်ကို မေ့လျော့နေလေပြီ။-
- 10 ထို့ကြောင့် ညီအစ်ကိုတို့၊ သင်တို့၏ခေါ်တော်မူခြင်း နှင့် ရွေးကောက်ခံရခြင်းတို့ကို တည်မြဲစေရန် ပိုမို၍ စိတ်အား ထက်သန်ကြပါလော့။ အကြောင်းမူကား သင်တို့ သည် ဤသို့ပြုလုပ်ကြလျှင် မည်သည့်အခါမျှလဲကျလိမ့် မည်မဟုတ်ပေ။-
- 11 ဤသို့ဖြင့် သင်တို့သည် ငါတို့၏သခင်နှင့်ကယ်တင်ရှင်ဖြစ်တော်မူသော ယေဇူးခရစ်တော်၏ ထာ၀ရနိုင်ငံတော်သို့ ဝင်ရောက်ခွင့်ကို အပြည့်အဝရရှိ ကြလိမ့်မည်။
- 12 သို့ဖြစ်၍ သင်တို့သည် ဤအကြောင်းအရာများကို သိရှိကြလျက် မိမိတို့ခံယူထားသောသမ္မာတရားတော်၌ အတည်တကျ ရှိပြီးသော်လည်း ငါသည် ဤအရာများကို သင်တို့အား အစဉ်အမြဲသတိပေးနှိုးဆော်မည်ဟု ရည်ရွယ်ထား၏။-
- 13 ငါသည် ဤကိုယ်ခန္ဓာ၌ အသက်ရှင်နေသမျှ သင်တို့အား သတိပေးနှိုးဆော်ခြင်းဖြင့် နိုးကြားတက်ကြွစေသင့်သည်ဟု ငါယူဆ၏။-
- 14 အဘယ်ကြောင့် ဆိုသော် ငါတို့၏သခင် ယေဇူးခရစ်တော်သည် ငါ့အား ဗျာဒိတ်ပေးတော်မူသည့်အတိုင်း ဤကိုယ်ခန္ဓာအား ငါ စွန့်ခွာရမည့်အချိန်သည် မကြာမီရောက်ရှိတော့မည်ကို ငါသိသောကြောင့်ဖြစ်၏။-
- 15 ဤလောကမှ ငါထွက်ခွာ သွားပြီးနောက် ဤအရာများကို သင်တို့အစဉ်သတိရနေ စေရန် ငါသည် ကြိုးစားအားထုတ်မည်။
- 16 အကြောင်းမူကား ငါတို့သည် ငါတို့၏သခင် ယေဇူးခရစ်တော်၏ဘုန်းတန်ခိုးတော်နှင့် ကြွလာတော်မူခြင်းတို့ ကို သင်တို့အား ဟောပြောခဲ့သောအခါက ပါးနပ်စွာ ဖန်တီးထားသောဒဏ္ဍာရီပုံပြင်များအပေါ် အခြေခံ၍ ဟောပြောခဲ့ခြင်းမဟုတ်ပေ။ ငါတို့ ကိုယ်တိုင်ပင် ကိုယ်တော်၏ဘုန်းဂုဏ်တော်ကို ဖူးမြင်၍ သက်သေခံခဲ့ရသူများ ဖြစ်ကြ၏။-
- 17 အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် အဖခမည်းတော်ဘုရားထံမှ ဂုဏ်သရေတော်နှင့် ဘုန်းဂုဏ်တော်တို့ကို ခံယူတော် မူသောအခါ အကြီးမြတ်ဆုံး သောဘုန်းဂုဏ်တော်အရှင်ထံမှ အသံထွက်ပေါ်လာသည်ကား ဤသူသည် ငါအလွန်နှစ်သက်မြတ် နိုးသော ငါ၏ချစ်သားဖြစ်သည်ဟူ၍ဖြစ်သတည်း။-
- 18 ငါတို့သည် သန့်ရှင်းသောတောင်ပေါ်တွင် ကိုယ်တော်နှင့်အတူရှိနေ ခဲ့ကြသောကြောင့် ကောင်းကင်မှထွက်ပေါ်လာသော ဤအသံကိုကြားခဲ့ကြ၏။-
- 19 ထို့ပြင် ငါတို့၌ ယင်းအချက်ကို ပို၍သေချာစေသော ပရောဖက်၏ဟောကြားချက်လည်းရှိ၏။ သင်တို့သည် ဤဟောကြား ချက်ကိုကောင်းစွာသတိပြုဆင်ခြင်ကြရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤဟောကြားချက်သည် သင်တို့၏စိတ်နှလုံး၌ အရုဏ်ဦးရောက်၍ မိုးသောက်ကြယ်ပေါ်ထွက်သည့် အချိန်တိုင်အောင် အမှောင်ထု၌ ထွန်းလင်းလျက်ရှိသော မီးအိမ်ကဲ့ သို့ဖြစ် ၏။-
- 20 ကျမ်းစာတော်မြတ်တွင်ပါရှိသော ပရောဖက်တို့၏ဟောကြားချက်ကို မည်သူမျှ မိမိဆန္ဒ အလျောက် အဓိပ္ပာယ်ဖွင့်ဆိုခြင်း မပြုနိုင်ကြောင်း ရှေးဦးစွာ သင်တို့နားလည်ကြရမည်။-
- 21 အကြောင်းမူကား မည်သည့်ပရောဖက်ဟောကြားချက်မျှ လူ၏အလိုဆန္ဒမှ ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ ဝိညာဉ်တော်မြတ် ၏နှိုးဆော် ခြင်းခံရသောလူတို့က ဘုရားသခင်အတွက် ပြောဆိုဟောပြောချက်သာဖြစ်၏။
-
King James Version (kjv)
- Afrikaans
- Albanian
- Arabic
- Armenian
- Basque
- Breton
- Calo
- Chamorro
- Cherokee
- Chinese
- Coptic
- Croatian
- Czech
- Danish
- Dari
- Dutch
-
English
American King James Version (akjv) American Standard Version (asv) Basic English Bible (basicenglish) Douay Rheims (douayrheims) John Wycliffe Bible (c.1395) (wycliffe) King James Version (kjv) King James Version (1769) with Strongs Numbers and Morphology and CatchWords, including Apocrypha (without glosses) (kjva) Webster's Bible (wb) Weymouth NT (weymouth) William Tyndale Bible (1525/1530) (tyndale) World English Bible (web) Young's Literal Translation (ylt)
- English and Klingon.
- Esperanto
- Estonian
- Finnish
- French
- German
- Gothic
- Greek
- Greek Modern
- Hebrew
- Hungarian
- Italian
- Japanese
- Korean
- Latin
- Latvian
- Lithuanian
- Malagasy
- Malayalam
- Manx Gaelic
- Maori
- Mongolian
- Myanmar Burmse
- Ndebele
- Norwegian bokmal
- Norwegian nynorsk
- Pohnpeian
- Polish
- Portuguese
- Potawatomi
- Romanian
- Russian
- Scottish Gaelic
- Serbian
- Shona
- Slavonic Elizabeth
- Spanish
- Swahili
- Swedish
- Syriac
- Tagalog
- Tausug
- Thai
- Tok Pisin
- Turkish
- Ukrainian
- Uma
- Vietnamese
Favourite Verse
You should select one of your favourite verses.
This verse in combination with your session key will be used to authenticate you in the future.
This is currently the active session key.
Should you have another session key from a previous session.
You can add it here to load your previous session.